အမ်း ဇွန် ၁၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ပုဏ္ဏဝကျေးရွာအုပ်စု၊ ကိုးကန်တန်းကျေးရွာအုပ်စုအတွင်း နေထိုင်သည့် တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးနိုင်ရေး ယမန်နေ့တွင် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဝန်ထမ်းများက ပုဏ္ဏဝ ကျေးရွာအုပ်စု၊ ကိုးကန်တန်းကျေးရွာအုပ်စု ဓမ္မာရုံ၌ ကိုးကန်တန်းကျေးရွာ၊ အောက်ဆင်ခုံတိုင် ကျေးရွာ၊ လော်ဟိုင်းကျေးရွာများရှိ တိုင်းရင်းသားပြည်သူများအား အသက်(၁ဝ-၁၈) နှစ် ကြား အမျိုးသား(၉)ဦး၊ အမျိုးသမီး(၉) ဦး၊ (၁၈)နှစ်အထက် အမျိုးသား(၁၁)ဦး၊ အမျိုးသမီး (၃၇)ဦးနှင့် လဲလှယ်ခြင်း အမျိုးသား(၃)ဦး၊ အမျိုးသမီး (၈)ဦး၊ ပျောက်/ပျက်မိတ္တူ မ(၁)ဦးနှင့် အိမ်ထောင်စုခွဲထွက်မိတ္တူ(၁၄) စောင်၊ မွေးတိုး/သေဆုံး/ပယ်ဖျက်(၂၂)ဦးတို့၏ အချက်အလက် များ စီစစ်ဖြည့်သွင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုးမင်းထွန်း