လှိုင်းဘွဲမြို့နယ် ရှမ်းရွာကျေးရွာတွင် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းဆင်းပွဲကျင်းပ

လှိုင်းဘွဲ ဇွန် ၁၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ရှမ်းရွာကျေးရွာတွင် ဟိတဓရဖောင်ဒေးရှင်း(ခွဲ) အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားသော ယဉ်ကျေးလိမ္မာ/စမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရှမ်းရွာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နာမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မဲဆမိတ်ကျောင်းဆရာတော်၊ တောရကျောင်းဆရာတော်၊ ရှမ်းရွာကျောင်းဆရာတော်တို့မှ ယဉ်ကျေးလိမ္မာ/စမ္မစကူးလ်သင်တန်းတွင် ရရှိလာသော ယဉ်ကျေးလိမ္မာ ဗုဒ္ဓအဆုံးအမ တရားတော်များအား ကလေးတို့အတွက် လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကလေးတို့အတွက် ယဉ်ကျေးလိမ္မာစေသည့် ဩဝါဒစကားများကို အသီးသီး မိန့်ကြားခဲ့သည်။ ထို့နောက် ကျေးရွာသားတစ်ဦးက ယဉ်ကျေးလိမ္မာ/ဓမ္မစကူးလ် သင်ကြားမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားပြီး သင်တန်းတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)