မြောက်ဦး ဇွန် ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက် လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နိုင်ရန်အတွက် မြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ယမန်နေ့ နံနက် ၁၀ နာရီက အောင်တပ်ရပ်ကွက်ရှိ သင်္ဘောဆိပ်၌ ရေပြင်ရှာဖွေရေး ဇာတ်တိုက် လေ့ကျင့် ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရေပြင်ရှာဖွေရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူး ဦးစန်းလွင်ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ တပ်ဖွဲ့ဝင်များအနေဖြင့် နှစ်စဉ်မိုးဦးရာသီတွင်မုတ်သုံလေဝင်ရောက်ပြီး အမြဲကြုံတွေ့ရလေ့ ရှိသော မုန်တိုင်းတိုက်ခတ်မှုကြောင့် ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခတ်မှု ကြောင့် မြေပြိုကျခြင်းများနှင့် ရေကြီးရေလျှံမှုကြောင့် လတ်တလောမြစ်ရေကြီးခြင်းများ ဖြစ်ပေါ်လာပါ ရေလမ်းခရီးကိုသာ အားထားသွားလာနေရသော မိဘပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဇာတ်တိုက်လေ့ ကျင့်ခြင်းနှင့် လူအပြည့်၊ ယာဉ်၊ စက်သုံးဆီများနှင့် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများအား အသင့်အနေအထား စီစဉ်ဆောင်ရွက်ထားရှိကြောင်း ဒုမီး သတ်ဦးစီးမှူးထံမှ သိရှိရသည်။
ခင်မောင်ထွန်း