ရေနံချောင်း ဇွန် ၁၀
မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဆန်းနိုင်နှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ မြို့နယ်အတွင်း အမှန် တကယ်နေထိုင်ခြင်း၊ လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းရှိပြီး မှတ်ပုံတင်ကတ်ပြားမရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေ ထိုင်ပြီး လူဦးရေစာရင်း မရှိသူများ၊ မှတ်ပုံတင်ကတ်ပြားမရှိသူများကို အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်ဆောင်ရွက်ကာ ပြုလုပ် ပေးလျက်ရှိရာ ယနေ့နံနက် (၆) နာရီအချိန်က အရှေ့ကုန်းကျေးရွာအုပ်စု၊ အရှေ့ကုန်းကျေးရွာသို့ နယ်လှည့်ကွင်းဆင်း သွားရောက်ကာ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အရှေ့ကုန်းကျေးရွာအုပ်ချုပ်ရေးမှုး နေအိမ်တွင် နံနက် (၈) နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့ရာ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်သူ နှင့်မှတ်ပုံတင်ကတ်ပြားမရှိသူ စုစုပေါင်း (၄၈) ဦး အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။ ကျန်ရှိသည့်ကျေးရွာများ ကိုလည်း ကျေးရွာ အရောက်သွားရောက် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းနိုင်ထံမှ သိရသည်။
ငြိမ်းငြိမ်းအိ