ကော့သောင်းမြို့တွင် မီးသတ်တပ်ဖွဲ့မှ လမ်းထွက် သွားလာနေကြသူများအား Face Shield နှင့် နှာခေါင်းစည်းများဖြန့်ဝေ

ကော့သောင်း ဇွန် ၁၁

ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်မီးသတ်ဦးစီး ဌာနမှ တပ်ဖွဲ့ဝင်များက လမ်းထွက်သွားလာနေကြသူများအား Face Shield နှင့် ပါးစပ်နှာခေါင်းစည်း များ ဝေငှတပ်ဆင်ပေးသည့် လှုပ်ရှားမှုတစ်ရပ်ကို ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ လမ်းဆုံ၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှား ဆောင်ရွက်လျက်ရှိရာ မြို့နေပြည်သူများ လမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားပြီးဖြစ်ရာ ပြည်သူအများစု နှာခေါင်းစည်း တပ်ဆင်ကြသော်လည်း  စည်းကမ်းမလိုက်နာသူ ပြည်သူတစ်ချို့ကြောင့် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရသူများ ပေါ်ပေါက်လာနေမှုကြောင့် ယခုကဲသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦးမှ ဦးဆောင်ကာ တပ်ဖွဲ့ဝင်များက မိမိတို့၏ ပင်မလုပ်ငန်းတာဝန်များအပြင် ရောဂါထိန်းချုပ်နိုင်ရေး ရည်ရွယ်၍ ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ် အသွင်ဖြင့် လမ်းထွက်သွားလာနေသူများကို Face Shield နှင့် ပါးစပ်နှာခေါင်းစည်းများ ဝေငှတပ်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး