မြစ်ကြီးနား ဇွန် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စာဖြေဌာန၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပြည်နယ်သံဃာ့နာယကဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ဝန်းသိုကျောင်းတိုက်၌ ကျင်းပလျက်ရှိသော ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သွားရောက်အားပေးကြည်ညိုပြီး အလှူငွေများပေးအပ်လှူဒါန်းကြသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ဝန်းသိုကျောင်းတိုက်၌ ပြည်နယ်သံဃာ့နာယက ဆရာတော်ကြီးများ ကြီးကြပ်မှုဖြင့် စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်များနှင့် သီလရှင်ဆရာလေး (၁၀၃)ပါး တို့၏ဖြေဆိုမှုကို လှည့်လည်ကြည့်ရှုအားပေးကြည်ညိုခဲ့ကြပြီး ပြည်နယ်သံဃာ့နာယက ဆရာတော်ကြီးများထံ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေမှုအခြေအနေနှင့် သာသနာတော်ဆိုင်ရာကိစ္စရပ်များကို မေးမြန်းလျှောက်ထားခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်နယ်သံဃာ့နာယကအဖွဲ့ဆရာတော်ကြီးများအတွက် အလှူငွေကျပ်(၆)သိန်းနှင့် စာဖြေသံဃာတော်များအတွက် စာမေးပွဲကျင်းပသည့် ၁.၆.၂၀၂၁ ရက်နေ့မှ ၁၃.၆.၂၀၂၁ ရက်နေ့အထိ (၁၃) ရက်စာ ဆွမ်းစရိတ်နဝကမ္မအလှူငွေကျပ် (၆၄) သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
ပြည်နယ်ပြန်/ဆက်