မိုင်းယောင်း ဇွန် ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနသည် ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က အမှတ် (၃၃၄) ခြေမြန်တပ်ရင်းသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးပွားမောင်နှင့် ဝန်ထမ်းများသည် အမှတ်(၃၃၄) ခြေမြန်တပ်ရင်းမှ အိမ်ထောင်စုလူဦးရေစာရင်း၊ ကလေးမွေးတိုး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ပျက်/လှဲလှယ် ခြင်းများကို ပြုလုပ်ပေးခဲ့သည်။
မိုင်းယောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနသည် ပြည်သူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် ထုတ်ပေး ရေး လုပ်ငန်းစီမံချက်(ပန်းခင်းစီမံချက်)ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအား အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း