ဒေါပုံမြို့၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဒေါပုံ ဇွန် ၁၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ် ပရိသတ်များ စုစည်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မာဝေက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်ဇင်ဇင်ဦးက “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ပါ အကြောင်း အရာများကို ဦးဆောင်ဆွေးနွေးပြီး Book Club အသင်းဝင်များနှင့် စာဖတ်ပရိသတ်များက ၎င်းတို့၏ အမြင်များကို ဖတ်ကြား၍ အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 
ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယခုကဲ့သို့ စာဖတ်ဝိုင်းများပြုလုပ် ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်၊ စာစောင်မျိုးစုံတို့ကို စာဖတ်သူပရိသတ်များ အခမဲ့ ငှားရမ်းဖတ်ရှုနိုင်အောင် ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း သိရသည်။
ခင်မာဝေ