ဆောမြို့နယ် လောင်းရှည်ကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး​​​​​​​ 

ဆော ဇွန် ၁၁

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ကာ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လောင်းရှည်ကျေးရွာသို့ သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။ 

အဆိုပါ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ လောင်းရှည်ကျေးရွာ စျေးရပ်ဓမ္မာရုံတွင် နံနက် ၉ နာရီ အချိန်က ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့ရာ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်သူနှင့် မှတ်ပုံ တင်ကတ်ပြားမရှိသူ စုစုပေါင်း(၁၂)ဦးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိနေသေး သည့် ကျေးရွာများသို့လည်း ကျေးရွာအရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက် ပေးသွားမည ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။ 

ကိုဇော်ကြီး(ဆော)