ကျောက်တံခါးမြို့နယ်တွင် နွေရာသီအခြေခံအားကစား ဖူဆယ်ဘောလုံးသင်တန်းဖွင့်လှစ်ပို့ချ

ကျောက်တံခါး  ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော နွေရာသီအခြေခံအားကစား ဖူဆယ်ဘောလုံးသင်တန်းကို အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(အနောက်ရပ်)တွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

နွေရာသီအခြေခံ အားကစားသင်တန်း ဖူဆယ်ဘောလုံးသင်တန်းကို မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့်   မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ပြီး သင်တန်းနည်းပြ မြန်မာ့လက်ရွေးစင် ဦးရဲထက်နိုင်က သင်တန်းသား ကျောင်းသား၊ ကျောင်းသူများအား ဇွန် (၁၀)မှ (၂၀)ထိ အခမဲ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နုနုခင်က  ပြောသည်။