လမိုင်း ဇွန် ၁၁
မွန်ပြည်နယ်၊ လမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လမိုင်းနယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centr) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာစိုးက (Talk show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြီး လမိုင်းမြို့နယ်မြေခံရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန္တာလှိုင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ လိုက်နာရမည့် အချက်အလက်များ၊ တပ်ကြပ်ကြီး အောင်ကိုချစ်က ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မြို့မ(၂)အုပ်ချုပ်ရေးမှူးက လိုက်နာရမည့် စည်းကမ်းများအကြောင်းနှင့် ပတ်သက်ပြီး ပြည်သူလူထုများ အသိပညာတိုးပွားစေရန် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
လမိုင်း(ပြန်/ဆက်)