မကွေး ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသား စိစစ်ရေးကတ်ပေးအပ်ပွဲ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၄) ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မကွေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိ သော နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန်အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူး များ၏ ထောက်ခံချက်ဖြင့် ဆောင်ရွက်သွားရန် စသည့်အချက်အလက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးများမှ အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး မကွေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၄)ဦးစိုးပိုင်မြင့်မှ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ ကြောင်း သိရသည်။
ကိုအောင်