ပြည် ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ခေတ္တရာမြို့သစ်ရှိ ခရိုင်အားကစားခန်းမ၌ ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က၂၀၂၁ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းဆင်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြ ဆရာများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြင့်သည်။
ထို့နောက် ပြည်ခရိုင်အားကစားမှူး ဒေါ်မြမြခိုင်က သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြင့်ပြီး သင်တန်းသား/သူများက မြန်မာ့သိုင်းအားကစားနှင့် လက်ဝှေ့အားကစား သရုပ်ပြခြင်းတို့ ပြုလုပ်ပြသခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ မြန်မာ့သိုင်း၊ ရိုးရာလက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့နှင့် ရိုးရာခြင်း စသည့် အားကစားနည်း(၇)မျိုးကို ယခုနှစ် မေ ၂၅ရက်နေ့မှ ဇွန် ၁၁ရက်နေ့အထိ သင်တန်းသား/သူ ၁၀၀ ဦးဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။