သာယာဝတီမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဓမ္မာစရိယနှင့် အစိုးရပါဋိပထမပြန် စာမေးပွဲပိတ်ပွဲ အခမ်းအနားကျင်းပ

သာယာဝတီ ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိ စာသင်တိုက်ကြီးတွင် ကျင်းပသော ၂၀၂၁ ခုနှစ် ဓမ္မာစရိယနှင့် အစိုးရပါဋိပထမပြန်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သဒ္ဒမောဒယ အရှင်သူမြတ်ကြီးက ၂၀၂၁ ခုနှစ် ဓမ္မာစရိယနှင့် အစိုးရပါဋိပထမပြန်စာမေးပွဲ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ သြဝါဒကထာ မိန့်ကြား ချီးမြှင့်ပေးသည်။

ထို့နောက် ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဣန္ဒာစရိယ အရှင်သူမြတ်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်းနှင့် ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ရွတ်ပွား သရ္ဇယ်တော်မူသော ပရိတ်တရားတော်များ နာကြားခြင်း၊ စာမေးပွဲကြီးကြပ်ရေး သံဃတော်အရှင်သူမြတ်တို့အား နဝက္မလှူဒါန်းခြင်းနှင့် စာဖြေသံဃာတော် တို့အား စာရေးကိရိယာများ ဒါတ္တဗလှူဖွယ်ဝတ္ထုပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်နှင့်တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပြီး ကျိုက်ထို ဇောတိကာရုံ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစရိယ အရှင်သူမြတ်ကြီးထံမှ လှူဒါန်းမူအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခြင်းတို့ပြုလုပ်ပြီး ဗုဒ္ဓဿသနံစိရံတိဌတု ၃ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သန့်ဇော် (ခရိုင်ပြန်/ဆက်)