မော်လမြိုင် ဇွန် ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် မြို့ရှောင်လမ်းရှိ ပရိယတ္တိသာသနာ့ဗိမာန်တော် ပြည်နယ် သံဃနာယကအဖွဲ့ရုံး၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ဓမ္မစရိယနှင့် ပါဠိပထမပြန်စာဖြေ သံဃာတော်နှင့် သီလရှင်များအတွက် ဆွမ်းစရိတ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ကြောင်း သိရသည်။
အခမ်းအနားကို မောင်ငံရပ်၊ နတ်မှော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယက နိုင်ငံတော် ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတဘန္ဒန္တသုမနနှင့် ပင့်သံဃာတော်များ၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်ဒါယိကာ၊ ဒါယိကာမများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးပြီး ငါးပါးသီလခံယူ ဆောက်တည်တော်မူကြသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီ အဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းများ ဆောင်ရွက်ကြပြီးနောက် သံဃာတော် အရှင်သူမြတ်တို့ထံမှ အနုမောဒနာ တရားနာယူကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)