မိုင်းဖြတ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းဖြတ် ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါသည့်အဖွဲ့သည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေး လုပ်ငန်းကို ယမန်နေ့က မိုင်းဟဲကျေးရွာအုပ်စု၊ ဘိုရှီးကျေးရွာရှိ စာသင်ကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ပေးသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်ဌေးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေး နိုင်ရေး လုပ်ငန်းကွင်းဆင်း ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်၊ ဌာန၏လုပ်ငန်းတာဝန်များနှင့် ပြည်သူများ လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် အသက် ၁၀ နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေး နိုင်ရေးအတွက် စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေး လုပ်ငန်းကို ဇွန် ၁၂ ရက်မှ ၁၃ ရက်နေ့အထိ မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကျေးလက် ပြည်များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရှောလမွန် (မိုင်းဖြတ်)