ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေပေးဝေသည့် ရေပြွန်များအသစ်လဲပေးပြီး ရေရှည်ခိုင်မာစေရေး‌ မြောင်းနံရံများအား ကျောက်ဆလန်စီပေး

ကျောက်ဆည် ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ စိုက်ပျိုးရေး ကဏ္ဍအဆင်ပြေစေရေးအတွက် ရေပေးဝေမြောင်းများ တူးဖော်ပေးခြင်း၊ ရေပြွန်များ အသစ်လဲပေးခြင်းနှင့် မြောင်းနံရံများအား ကျောက်ဆလန်စီခြင်း၊ မြောင်းလမ်းများ ပြုပြင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင် နွားတက်မြောင်းမကြီးမှ ပေတိုင်(၁၁+၂၉၅)ရှိ စီမံကိန်းဝင် သီးနှံများ စိုက်ပျိုးရန်အတွက် တိုက်ရိုက်ရေပေးသည့် ရေပြွန်တစ်ခုအား အသစ်လဲပေးခြင်းနှင့် ရေရှည်ခိုင်မာစေရေးအတွက် မြောင်းနံရံများအား ကျောက်ဆလန်စီခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေပြွန်အသစ်လဲခြင်းနှင့် မြောင်းနံရံများ ကျောက်ဆလန်စီခြင်းလုပ်ငန်းကို မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ယူပြီး နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၆၀)အကုန်အကျခံကာ အရှည်(၁၅)ပေ၊ အကျယ်()လက်မ ရေပြွန်တစ်ခုနှင့် အရှည်(၉၆)ပေ၊ အမြင့် ()ပေ၊ ထု(.)ပေရှိ မြောင်းနံရံကျောက်ဆလန်စီခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ယခင်က အဆိုပါ ရေပေးပြွန်သည် ကျိုးပျက်နေမှုကြောင့် စီမံကိန်းသီးနှံ စိုက်ခင်းများ ရေသွင်းသည့်အခါ၊ ရေမလို၍ ရေပိတ်သည့်အခါများတွင် ပြွန်ကျိုးနေမှုနှင့် ပြွန်ဘေးမြေသားများမှာ ဂလိုင်ပေါက် ဖြစ်နေသောကြောင့် အခက်အခဲများစွာ ကြုံတွေ့ရကြောင်း ယခုအခါမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ အသစ်တည်ဆောက်ပေးသောကြောင့် တောင်သူများအတွက်များစွာ အဆင်ပြေကြောင်း ခါးတက်ကုန်းကျေးရွာမှ ဦးဝင်းလှိုင်က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)