သတင်းများ

ကြံခင်းမြို့လူထုအခြေပြုဗဟိုဌာန(Community Centere)ခန်းမတွင်စာဖတ်ဝိုင်းပြုလုပ်
Jun 14,2021
ဟင်္သာတခရိုင် ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စာအုပ်စာပေချစ်မြတ်နိုးသူများBook Clubအဖွဲ့ဝင်များနှင့် Youth Club အဖွဲ့များက စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နောင်ချိုမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Jun 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုးကန့်ဒေသအတွင်းရှိတပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာများရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
Jun 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိတပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ များရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီ က လောက်ကိုင်မြို့၊ တရုတ်(ကော်တုံး)စာသင် ကျောင်း၌ကျင်းပသည်။
အမ်းမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 14,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ မြို့နယ်သာသနာရေးဦးစီးဌာနနှင့် ပထမပြန်စာမေးပွဲနှင့် စူဠ ဘွဲ့နှင်းသဘင်ကျင်းပရေး ဦးစီးကော်မတီတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သော အစိုးရပါဠိ ပထမပြန်စာမေးပွဲ စူဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန် အမှတ်(၃) စျေးရပ်ကွက် မြတ်စွယ် တော်ဓမ္မာရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြု လုပ်သည်။
မြို့သစ်မြို့နယ် ၊ မကြီးချိုကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ အခြေခံစက်ချုပ် ပညာသင်တန်းဖွင့်လှစ်
Jun 14,2021
မကွေးတိုင်းဒေသကြီး ၊မြို့သစ်မြို့နယ် မကြီးချိုကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ အမျိုးသမီး ငယ်လေးများအားအိမ်တွင်း မှုလုပ်ငန်းတစ်ခုဖြစ်သည့် အခြေခံစက်ချုပ်ပညာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
နမ့်စန်မြို့တွင် အမျိုးသား ၁ ဦးထံ၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ
Jun 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် တောင်ကြီးမြို့နေ (ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ) လူနာ ၁ ဦးသည် ဇွန်လ ၁၀ ရက်နေ့က နမ့်စန်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဧည့်ရိပ်မွန်တွင် ညအိပ်တည်းခိုခဲ့ကြောင်း သိရှိရသဖြင့် မြို့နယ်မှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် (၈/၁၀၀) တပ်မတော်စစ်ဆေးရုံတို့မှ တာဝန်ရှိသူများက အဆိုပါဧည့်ရိပ်မွန်တွင်နေထိုင်သူ ၇ ဦးအား ယမန်နေ့တွင် RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသား ၁ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန် ၆ ဦးထံတွင် ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်းရှိ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 14,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းဦးဆောင်သောအဖွဲ့သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ လောက်ကိုင်မြို့နယ်ရုံးကြီးမှူး ကျင်းပသောကျင်းပ ပြုလုပ်သည့်ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကော်တုံးစာသင်ကျောင်း၌ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ အဖွင့်အမှာစကား ပြောကြားပါသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Jun 14,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊အဖွဲ့ဝင်များနှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့စီမံအုပ်ချုပ်ရေးခန်းမတွင် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ခရိုင်၊ မြို့နယ်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့်တွေ့ဆုံရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့် အမှာစကားပြောကြားပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ဆိုလာ မီးလင်းပစွည်းနှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များသို့ ငွေကျပ်(၁၀)သိန်းစီကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ထောက်ပံ့ပေးအပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များမှ အသီးသီးလက်ခံရယူကြောင်းသိရသည်။