တောင်ကြီးမြို့၌ နှာခေါင်းစည်း (Mask)များဖြန့်ဝေ အသိပညာပေး
Sep 16,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကာကွယ်၊ ထိန်းချုပ်နိုင်စေရန် တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ တောင်ကြီးမြို့ လူစည်ကားသောနေရာ ဖြစ်သည့် မြို့မဈေးကြီးဝန်းကျင်တွင် ယမန်နေ့ မွန်းလွဲပိုင်း က (Mask)မတပ်သူများအား နှာခေါင်းစည်း (Mask) များဖြန့်ဝေကာ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။