ပူတာအို ဇွန် ၁၃
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ပူတာအိုမြို့နယ်အတွင်း ကျေးရွာသုံးရွာတွင် အကောင်အထည် ဖော်ဆောင်ရွက် သည့် ကျေးရွာကုန်ထုတ် လမ်းနှင့်တံတားလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
ယင်းခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း(၈၃ ဒသမ၂၅၀)သန်းဖြင့် ပူတာအိုမြို့နယ်အတွင်းရှိ ဝင်းလုံကျေးရွာ ကုန်ထုတ်လမ်း-မြေသားလမ်း(၁မိုင်x၁၂ပေx၂ပေ)၊ သဲကျောက်လမ်း(၁မိုင်x၁၂ပေx၉လက်မ)နှင့်Box Culvert (၁၈ပေx၆ပေx၆ပေ)သုံးစင်းဆောက်လုပ်ခြင်း၊ ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း(၃၆ ဒသမ၈၇၅) သန်းဖြင့် ဝါးဆား ကျေးရွာကုန်ထုတ်လမ်း- မြေသားလမ်း(၀/၄မိုင်x၁၂ပေx၂ပေ)၊ သဲကျောက်လမ်း (၀/၄မိုင်x၁၂ပေx၉လက်မ)နှင့် Box Culvert (၁၈ပေx၆ပေx၆ပေ)တစ်စင်း ဆောက်လုပ်ခြင်းနှင့်ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၄၆ ဒသမ၃၇၅) သန်းဖြင့် မာမိန်ရှီးဒီကျေးရွာ ကုန်ထုတ်လမ်း-မြေသားလမ်း(၀/၄မိုင်x၁၂ပေx၂ပေ)၊သဲကျောက်လမ်း(၀/၄မိုင်x၁၂ ပေx၉လက်မ)နှင့် Box Culvert (၁၈ပေx၆ပေx၆ပေ)နှစ်စင်းဆောက်လုပ်ခြင်းတို့ကို တင်ဒါအောင်မြင်ခဲ့သည့် ရွှေရုပ်လွှာဆောက် လုပ်ရေးကုမ္ဗဏီကတာဝန်ယူဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀-ပြည့်နှစ် ဒီဇင်ဘာလမှစတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁- ခုနှစ် ဇွန်လတွင် လုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ယင်းတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်တည်ဆောက်ရေး အရည်အသွေး စစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်ကော်မတီအဖွဲ့ဝင်များက ဇွန်(၁၂)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်