သတင်းများ

ကျောက်တံခါးမြို့နယ်တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန် Mask Campaignကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့ နံနက်(၈)နာရီ အချိန်က လူစည်ကားရာကျောက်တံခါးမြို့မဈေးကြီးနှင့် ဗိုလ်ချုပ်လမ်းတို့တွင် အရှိန်အဟုန်မြှင့်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင်စာအောင်သံဃာတော်များအားစူဠဘွဲ့နှင်းသဘင်ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ
Jun 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော ရဟန်း၊သာမဏေများ စူဠဘွဲ့နှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲ အချိန်က ဗောဓိကုန်းကျောင်းတိုက်ရှိ ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
လင်းခေးမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဝမ်တိန်း‌ကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ အဂ္ဂိမဈာပနအခမ်းအနားကို ကဆုန်လပြည့်ကျော် ၃ရက်နေ့၌ ကျင်းပမည်
Jun 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်၊ ဝမ်တိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးပညာနန္တ သည် (၉၆)ပါးဝေ‌ဒနာဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က အဆိုပါကျောင်း၌ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ပဲခူးမြို့တွင် ယာဉ်ရပ်နားစခန်းပါဝင်သော ကလိလက်ကားစျေး(Whole sale centre) စီမံကိန်း အကောင် အထည်ဖော် ဆောင်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Jun 14,2021
ပဲခူးမြို့တွင် ယာဉ်ရပ်နားစခန်းပါဝင်သော ကလိလက်ကားစျေး(Whole sale centre) စီမံကိန်း အကောင် အထည်ဖော် ဆောင်ရေးအတွက် ပွဲရုံနှင့်လက်ကားလုပ်ငန်းရှင်များ၊ ယာဉ်လိုင်းဂိတ်လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိသီရိဟံသာခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ်နှစ်ခု စတင်ဖွင့်လှစ်ထားရှိ
Jun 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းအချိန်မှစတင်၍ ဝန်းသို- ကျောက်တန်းမြို့အထွက် ရွှေဝန်းသီတာဂိတ်နှင့် ဝန်းသို-နမ်းခမ်းအထွက် စော်ဘွားကြီး ဂိတ်တို့ကို ပြန်လည်ဖွင့်လှစ်ကာ ခရီးသွားပြည်သူများအား ကျန်းမာရေးစောင့်ကြပ်စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အလေးမလေ့ကျင့်ရေး အားကစားခန်းမနှင့် တိုင်းလက်ရေွးစင် အားကစားသမားများ စခန်းသွင်း လေ့ကျင့် ဆောင်တည်ဆောက်မှု ၄၀ ရာခိုင်နှုန်းပြီးစီး
Jun 14,2021
ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနဝန်း အတွင်းရှိ တည်ဆောက် လျက်ရှိသော ပဲခူးတိုင်းဒေသကြီး၊ အလေးမလေ့ကျင့်ရေးအားကစားခန်းမနှင့် တိုင်း လက်ရေွးစင် အားကစား သမားများ စခန်းသွင်းလေ့ကျင့်ဆောင်တည်ဆောက်မှု ၄၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်
Jun 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများ အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSS ရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင် အခမ်း အနားကျင်းပ
Jun 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဝိနည်းစာပြန် ပွဲ စာအောင်သံဃာတော်များအား စာအောင် လက်မှတ်နှင့် လူဖွယ် ဝတ္တုများဆက်ကပ်လှူဒါန်းသည့် မြို့နယ်လုံးဆိုင်ရာ စူဠ ဘွဲ့နှင်း သဘင် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ခနောင်တိုအရှေ့ ရပ်ကွက်ရှိ “ဓမ္မပီတိကျောင်းတိုက်”တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။