သတင်းများ

ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ရောင်းချမှု မရှိစေရေး ရှောင်တခင်စစ်ဆေး
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း (၁၅)ဦးအထိ ရှိလာခဲ့ရာ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ရည်ရွယ်၍ မြို့တွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်ဖွင့်လှစ် ရောင်းချ ခြင်း မပြုလုပ်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်မှုရှိ/မရှိ ယနေ့ နံနက် ၉ နာရီက ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့၌ အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြည်သူ့အကျိုးပြုဆိုင်းဘုတ်များ စိုက်ထူ
Sep 14,2020
မိတ္ထီလာမြို့၌ အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြည်သူ့ အကျိုးပြုဆိုင်းဘုတ်များ စိုက်ထူးခြင်းကို ယမန်နေ့ နံနက် ၉နာရီအချိန် ရန်ကုန်-မန္တလေးကားလမ်းဟောင်း သပြေဝကျေးရွာလမ်းဆုံ မိတ္ထီလာမြို့ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတွင် စိုက်ထူးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် ကိုဗစ်-၁၉   ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ  မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များ ကွင်းဆင်းစစ်ဆေး
Sep 14,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် ကော်မတီဝင်များသည် ယနေ့နံနက် (၁၀) နာရီက မြို့ဝင်၊ မြို့ထွက် စစ်ဆေးဂိတ်များတွင် အလှည့်ကျတာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းအား တာဝန်ထမ်းဆောင်ခြင်း ရှိ ၊ မရှိ  ကွင်းဆင်းစစ်ဆေးကြောင်း သိရသည် ။
ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် Mask များ အခမဲ့ ဖြန့်ဝေခြင်း
Sep 14,2020
ကော့ကရိတ်မြို့တွင် Mask ကမ်ပိန်း ဆောင်ရွက်ခြင်းများကို စက်တင်ဘာလ ၅ ရက်နေ့မှ စတင်၍ ယမန်နေ့အထိ ဆောင်ရွက်ခဲ့ရာ ပြည်သူများသို့ အခမဲ့ဖြန့်ဝေနိုင်ရေးအတွက် မြို့ပေါ်ရှိ စေတနာရှင်အလှူရှင်များမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကော်မတီမှ လက်အိတ် (၃)ဗူးနှင့် Mask (၂၅၀၀) ခု၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ Mask (၁၀၀၀) ခု၊ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ Mask (၅၀၀)ခု၊ သဟဇာတလူငယ်အဖွဲ့မှ Mask (၁၀၀၀)ခု၊ ဦးအောင်ကိုဟိန်းမှ Mask (၁၀၀၀)ခု၊ KSD လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ Mask (၁၀၀၀)ခု၊ ဦးအောင်တိုးမှ Mask (၅၀၀)ခု၊ ခရိုင်လျှပ်စစ် ဦးစီးမှူး ဦးတင်မျိုးသန့်မှ Mask (၁၀၀၀)ခုနှင့် စေတနာ့ဝန်ထမ်းများအတွက် တီရှပ်အင်္ကျီ အထည်(၂၀)အတွက် ငွေကျပ် ၁၀၄၀၀၀/- တို့အား ဦးညီညီလွင်မှ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေး ဆောင်ရွက်
Sep 14,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းမှစ၍ စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားကြောင်း သိရသည်။
ဟင်္သာတမြို့ လူစည်ကားသည့်နေရာများ၌ နှာခေါင်းစည်း(Mask) ၅၀၀၀၀ ဖြန့်ဝေလှူဒါန်း
Sep 14,2020
ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်နိုင်ရန် အတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဟင်္သာတ) နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ကြီးကြပ် အသင်းတို့ပေါင်းပြီး ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရှိ လူစည်ကားသည့်နေရာများတွင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Face Shield နှင့် PPE ဝတ်စုံများလှူဒါန်း
Sep 14,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ကျင်းလုံမြန်မာ Machinery Trading Co., Ltd. မှစုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၂၅ သိန်းကျပ်ခန့်ရှိ Face Shield ၂၀၀ ခုနှင့် PPE ဝတ်စုံ အစုံ ၃၀၀ ကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ပန်းဘဲတန်းမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အလှူငွေများနှင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းများလှူဒါန်း
Sep 14,2020
ပန်းဘဲတန်းမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်‌ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အတွက် အလှူငွေများနှင့် ပစ္စည်းများလှူဒါန်းပေးလျက်ရှိကြောင်း သိရှိရပါသည်။