ညောင်ရွှေမြို့၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ
Sep 15,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း လာမည့်(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကာလနှင့် အကြိုကာလ၌ အငြင်းပွားမှုတစ်စုံ တစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာ ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။