သတင်းများ

သံတောင်ကြီးမြို့အဝင်ဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် လူဝင်၊ လူထွက် စစ်ဆေးခြင်းများဆောင်ရွက်
Sep 15,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ (၁) ရက်နေ့မှစပြီး သံတောင်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်း၊ ခရီးသွားလာသူများ၏ မှတ်တမ်းများရယူထားခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟတိအဖွဲ့များက လူဝင်လူထွက်စစ်ဆေးခြင်း၊ ခရီး သွားလာသူများမှ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာ ပါ/မပါတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Sep 15,2020
ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်ရန် ဗီယက်နမ်နိုင်ငံမှ လာရောက်သည့် MV SANTA သင်္ဘောပေါ်မှ သင်္ဘောသား(၂၁)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် M.V YANGZE-7 သင်္ဘောပေါ်မှ သင်္ဘောသား(၅)ဦး ၊အိန္ဒိယနိုင်ငံမှလာရောက်သည့် MV HAN HE သင်္ဘောပေါ်မှ သင်္ဘောသား(၆)ဦး၊ စုစုပေါင်းသင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၃၂)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်းသိရသည်။
သာယာဝတီမြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်ပြသထားရှိ
Sep 15,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်ရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားကြောင်း သိရသည်။
မဘိမ်းမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုး/စိစစ်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းများအား အသားထုတ်လုပ် ရောင်းချခွင့်လက်မှတ်ဖြင့် စိစစ်ချထားခြင်းအခမ်းအနား ကျင်းပ
Sep 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုး/စိစစ် ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းများအား အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ်ဖြင့် စိစစ်ချ ထားခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က မဘိမ်းမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တမူးမြို့တွင် ညမထွက်ရန် အမိန့်ထုတ်ပြန်
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စက်တင်ဘာလ(၁၄)ရက်နေ့ ရက်စွဲဖြင့် ညမထွက်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်မှု (၈၅)ရာခိုင်နှုန်းပြီးစီး
Sep 15,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကွက်သစ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းတွင် RCC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်လျှက်ရှိရာယခုအခါတွင် အဆောက် အအုံဆောက်လုပ်မှုမှာ (၈၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် ဝဥတူးဖော်ရောင်းချခြင်းလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Sep 15,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် တစ်ပိုင်တစ်နိုင် ဝဥတူးဖော်ရောင်းချလုပ်ကိုင် ဆောင်ရွက်ခြင်းလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ်၌ ကန့်သတ်စောင့်ကြည့်ထားသောနေရာရှိ ရန်ကုန်ပြန်များထံမှ အာခေါင်၊ နှာခေါင်းတို့ပတ် (Swab) ဓာတ်ခွဲနမူနာများ ရယူကာ ဓာတ်ခွဲရန်ပေးပို့
Sep 15,2020
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရန်အတွက် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ သက်ဆိုင်ရာ ကျေးရွာများအလိုက် ကန့်သတ် စောင့်ကြည့် ထားရာ ယနေ့ နံနက်ပိုင်းက ၎င်းတို့တွင် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန် အတွက် ယင်းတို့ထံမှ အာခေါင်၊နှာခေါင်း(swap) ဓာတ်ခွဲနမူနာများ ရယူကာ မန္တလေးမြို့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဦးစိုးဝင်းအောင်နှင့် အဖွဲ့က တာဝန်ယူ ပေးပို့ခဲ့ကြောင်း သိရသည်။