ကွတ်ခိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

 

ကွတ်ခိုင်     ဇွန်    ၁၄

                                                                                                                                                              ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊   ကွတ်ခိုင်မြို့နယ်အတွင်းရှိ    အသက်(၈၅)နှစ်အထက် ဘိုးဘွားများ အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊      OSS ရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ်  (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လ အတွက် ထောက်ပံ့ခြင်းဖြစ်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၃၆၀)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝိ/−)နှုန်းဖြင့်      စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၈၀၀၀၀ဝိ/-) အား  မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္က ဋ္ဌ ဦးမျိုးညွန့် ကရပ်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့  လွှဲပြောင်းပေးအပ်ခဲ့ ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဘိုးဘွားတို့၏ နေအိမ်များသို့ သွားရောက်၍      လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း  သိရသည်။

 

ဌေးဌေး(ကွတ်ခိုင်)