သတင်းများ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများနှင့် အရေးယူ ဆောင်ရွက်နေမှုများအား ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်
Sep 15,2020
တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မြို့နယ်အသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နံနက်ပိုင်းအချိန်များတွင် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ
Sep 15,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း လာမည့်(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကာလနှင့် အကြိုကာလ၌ အငြင်းပွားမှုတစ်စုံ တစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာ ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေး VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြီးကြပ်
Sep 15,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး VDP စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စု၊ တင်းထက်(အရှေ့)ကျေးရွာအတွင်း အခြေခံလွှာဖြစ်သည့် ကျောက်စီခြင်းလုပ်ငန်းနှင့် ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသည့်လမ်းများမှ အိမ်ထောင်စုများအား ဆန်၊ ဆီ များ လာရောက်လှူဒါန်း
Sep 15,2020
ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျည်း၍ Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့်မြို့နယ်ဖြစ်ပြီး Home Quarantine ထားရှိသော လမ်းအချို့လည်းရှိ ကြောင်း သိရသည်။
ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး
Sep 15,2020
ပြည်သူများအကြား Mask တပ်ဆင်သွားလာရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ယမန်နေ့ နံနက် ၇ နာရီခန့်က နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်နိုင်ရေးအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အစီအဉ်ဖြင့် ငါးသားပေါက်များ နေရာအရောက် ဖြန့်ဖြူးပေးအပ်
Sep 15,2020
ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်နစ်နာခဲ့သည့် ငါးမွေးမြူရေးတောင်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်အရ ရှမ်းပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ညောင်ရွှေမြို့နယ် အတွင်းရှိ ထောက်ပံ့ပေးအပ်ရန် ကျန်ရှိနေသေးသည့် ငါးမွေးတောင်သူများအား ၎င်းတို့၏ နေရာ အရောက် ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင် စစ်ဆေးရေးဂိတ်၌ ဝင်/ထွက်သွားလာသော ရဟန်းရှင်လူ မိဘ ပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးနှင့် တိကျမှန်ကန်မှုရှိစေရေး မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်
Sep 15,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးနှင့် မြို့နယ် မဲဆန္ဒရှင် စာရင်းစိစစ်ရေး လုပ်ငန်းကော်မတီက မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန်မှုရှိစေရေး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ မွန်းလွဲ (၃)နာရီခန့်က မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး စိစစ်ဆောင်ရွက်လျက်ရှိသည်။