သတင်းများ

မြို့နယ်သစ်တောဦးစီးဌာနမှ အများပြည်သူများ စိုက်ပျိုးနိူင်ရန်အတွက် အရိပ်ရပျိုးပင်များနှင့် သီးပင်စားပင်များ အခမဲ့ဖြန့်ဝေ
Jun 14,2021
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တော အရာရှိနှင့် ဝန်ထမ်း များသည် mobileယာဉ်ဖြင့် ပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် အရိပ်ရပျိုးပင်များနှင့် သီးပင် စားပင် များအား ယနေ့ နံနက် ၈ နာရီအချိန်တွင်  စည်ပင်သာယာမြို့မစျေးတွင်းနှင့်   မြို့တွင်း လမ်းဆုံများတွင် အများ ပြည်သူများ စိုက်ပျိုးနိူင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
တနင်္သာရီမြို့နယ်၊ ရေဖြူရွာအခြေစိုက် အမှတ် (၃)စစ်ဗျူဟာ ယာယီစစ်ဗျူဟာမှူးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌတို့က မြို့နယ်ရဲတပ်ဖွဲ့သို့ (COVID-19) ကာကွယ်ရေး အထောက်အကူပစ္စည်းများလှူဒါန်း
Jun 14,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမအတွင်း ဇွန်လ ၁၄ရက် နံနက် ၉နာရီ၄၅ အချိန်က တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု ၊ ရေဖြူကျေးရွာ အခြေစိုက် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် အမှတ်-၃စစ်ဗျူဟာ ယာယီ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး လှဇော်အောင် နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအေးနိုင် တို့ကတနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့သို့(COVID-19)  ရောဂါ ကာကွယ်ရေး အထောက် အကူပစ္စည်းများလှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံပေးလျက်ရှိ
Jun 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမအတွင်း၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က ဒုတိယအသုတ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)ကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ရွှေတောင်မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန် Mask Campaignကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့နံနက်(၇)နာရီအချိန်က လူစည် ကားရာ ရွှေတောင်မြို့မဈေးကြီးအနီးလမ်းမတွင်အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်မြို့မဈေးအတွင်း ဈေးရောင်း ဈေး၀ယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး အသိပညာပေးပြီး Mask များ အခမဲ့ ဖြန့်ဝေ
Jun 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး မြို့မဈေးအတွင်း ဈေးရောင်း ဈေး၀ယ်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး အသိပညာပေးပြီး Mask များ အခမဲ့ ဖြန့်ဝေခြင်းများကို ယနေ့ နံနက်(၇)နာရီအချိန်ကစတင်ကာ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်စောင့်ကြည့်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Jun 14,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုး တန်ဖိုး ထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေး အခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော  အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုး ရှိသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့က ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ
Jun 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ပေါက်ခေါင်းမြို့နယ်၌ ကိုဗစ်-၁၉ အသိပညာပေးခြင်းနှင့် အပြင်ထွက် သွားလာ ရာတွင် Mask တပ်ဆင်သွားလာခြင်းမရှိသူများအား Mask အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ပေါက်ခေါင်းမြို့ပြည်-တောင်ငူလမ်းတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jun 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် လူစည်ကားရာ နေရာဖြစ်သော မြို့မစျေးကြီး၊ အနှေး ယာဉ်ဂိတ်များတွင်ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။