လင်းခေးမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဝမ်တိန်း‌ကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ အဂ္ဂိမဈာပနအခမ်းအနားကို ကဆုန်လပြည့်ကျော် ၃ရက်နေ့၌ ကျင်းပမည်

 

လင်းခေး ဇွန် ၁၄

 

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်၊ ဝမ်တိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးပညာနန္တ သည် (၉၆)ပါးဝေ‌ဒနာဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်

က အဆိုပါကျောင်း၌ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

 

ဆရာတော်သည် ဝါတော်(၄၅)ဝါ သက်တော်(၆၅)နှစ်ရှိကြောင်း၊ လင်းခေးမြို့နယ်လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်တစ်ပါးအဖြစ် သာသာတော်ထွန်းကားပြန့်ပွားရေး အမှုများကို ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်းနှင့် ဆရာတော်၏ အဂ္ဂိမဈာပန အခမ်းအနားကို လာမည့် ကဆုန်လ ပြည့် ကျော် တစ်ရက်နေ့မှ ၃ ရက်နေ့အထိ မြို့နယ်သံဃာ့နာယကအဖွဲ့ ဆရာတော်ကြီးများအမှူးပြုကာ ဝမ်တိန်း(ကွန်တိန်း)ကျေးရွာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းဇော်လတ်(လင်းခေး)