အုတ်တွင်းမြို့နယ်တွင်စာအောင်သံဃာတော်များအားစူဠဘွဲ့နှင်းသဘင်ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ

 

အုတ်တွင်း      ဇွန်     ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော ရဟန်း၊သာမဏေများ စူဠဘွဲ့နှင်း သဘင် ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်()နာရီခွဲ အချိန်က ဗောဓိကုန်းကျောင်းတိုက်ရှိ ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ကျွဲပွဲမြို့၊ သာသနာ့ ဝံသာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂထံမှသြဝါဒကထာ ခံယူတော်မူပြီး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးမင်းကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး မြို့နယ်သာသနာ့အကျိုးတော်ဆောင် ဦးတင်ယုမ ှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၀ပြည့်နှစ်၊ အစိုးရဓမ္မစရိယအောင်မြင်သော သံဃာတော်(၁၆)ပါး၊ အစိုးရပါဠိပထမပြန် စာမေးပွဲ အောင်မြင်သော သာမဏေပထမကြီးတန်း(၁၇)ပါး၊ ပထမလတ်တန်း(၁၁)ပါး၊ ပထမငယ်တန်း(၂၃)ပါး၊ အခြေပြု မူလတန်း(၁၁)ပါး၊ သံဃာတော် စုစုပေါင်း(၇၈)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဌ ဦးမင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ တပ်နယ်မှူး ဗိုလ်မှူးချုပ်ရဲကျော်ကျော်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက စာအောင်လက်မှတ်နှင့် စာအောင်ဆုများ အသီးသီး ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ရေစက် သွန်းချ အမျှပေးဝေကာ အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ခင်မာ(ပြန်/ဆက်)