ဆိပ်ကြီးခနောင်တို ဇွန် ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဝိနည်းစာပြန် ပွဲ စာအောင်သံဃာတော်များအား စာအောင် လက်မှတ်နှင့် လူဖွယ် ဝတ္တုများဆက်ကပ်လှူဒါန်းသည့် မြို့နယ်လုံးဆိုင်ရာ စူဠ ဘွဲ့နှင်း သဘင် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ခနောင်တိုအရှေ့ ရပ်ကွက်ရှိ “ဓမ္မပီတိကျောင်းတိုက်”တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ် ရွတ်ဆို၍ အခမ်း အနားဖွင့်လှစ်ခဲ့ပြီး၊ ဆရာတော် သံဃာတော်များထံ ဧည့်ပရိသတ် များက ငါးပါး သီလ ခံယူဆောက်တည်ကြကာ သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မြို့နယ် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမြင့်လှိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး၊ ပထမကြီးတန်း စာအောင ်သံဃာတော် (၄)ပါး ပထမလတ်တန်း(၂)ပါးနှင့် ပထမငယ်တန်း(၃)ပါး စုစုပေါင်း စာအောင် သံဃာတော် (၉)ပါးတို့အား မြို့နယ် စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် မြို့နယ်သာသနာနုဂ္ဂဟ အဖွဲ့ဝင်များက စာအောင် လက်မှတ်နှင့် လူဖွယ်ဝတ္တုများကို လည်းကောင်း၊ မြို့နယ် စာချဆရာတော်များအား ဌာနဆိုင်ရာ တာဝန်ရှိ သူများက လူဖွယ်ဝတ္တုများကိုလည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် မြို့နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော် ဥူးမေဓာနန္ဒ က ရေစက်ချတရားချီးမြှင့်ကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြပြီး၊ အခမ်းအနားအပြီး တွင် ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝေယံ(IPRD)