ပဲခူး ဇွန် ၁၄
ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနဝန်း အတွင်းရှိ တည်ဆောက် လျက်ရှိသော ပဲခူးတိုင်းဒေသကြီး၊ အလေးမလေ့ကျင့်ရေးအားကစားခန်းမနှင့် တိုင်း လက်ရေွးစင် အားကစား သမားများ စခန်းသွင်းလေ့ကျင့်ဆောင်တည်ဆောက်မှု ၄၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အလေးမလေ့ကျင့်ရေးအားကစားခန်းမနှင့် တိုင်းလက်ရေွးစင်အားကစားသမား များ စခန်းသွင်း လေ့ကျင့်ဆောင်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၂၄.၆၄ သန်းဖြင့် Art Wave Co.Ltd (ကုမ္ပဏီ)မှတာဝန်ယူကာ ၆.၄.၂၀၂၁ရက်နေ့မှစတင်တည်ဆောက်သည့် အလျား ၆၀ပေ၊ အနံ ၄၀ပေ RC(အာစီ) နှစ်ထပ် အဆောက်အဦဖြစ်ပြီး ၃၀.၉.၂၀၂၁ တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
မျိုးငြိမ်း(ခရိုင်ပြန်/ဆက်)