ပဲခူးမြို့တွင် ယာဉ်ရပ်နားစခန်းပါဝင်သော ကလိလက်ကားစျေး(Whole sale centre) စီမံကိန်း အကောင် အထည်ဖော် ဆောင်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ပဲခူး ဇွန် ၁၄

ပဲခူးမြို့တွင် ယာဉ်ရပ်နားစခန်းပါဝင်သော ကလိလက်ကားစျေး(Whole sale centre) စီမံကိန်း အကောင် အထည်ဖော် ဆောင်ရေးအတွက် ပွဲရုံနှင့်လက်ကားလုပ်ငန်းရှင်များ၊ ယာဉ်လိုင်းဂိတ်လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိသီရိဟံသာခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းမှ (Whole sale centre) စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးမြို့နယ် စည်ပင် သာယာရေး အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ခိုင်မှ (Whole sale centre) စီမံကိန်း တည်ဆောက် ရခြင်း ရည်ရွယ်ချက်နှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်သည့် လုပ်ငန်းရှင်များနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါယာဉ်ရပ်နားစခန်းတွင်ပါဝင်သော  ကလိလက်ကားစျေး              (Whole sale centre)စီမံကိန်းသည် ပဲခူးမြို့၊ ဘုရားကြီး မြို့ဘက်သို့အထွက် ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေးလမ်းမကြီးဆုံရာ ရန်ကုန်- မန္တလေး လမ်းဘေး ရှိ မြေဧက (၁၆.၁၃)ဧကအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပွဲရုံနှင့် လက်ကားလုပ်ငန်းရှင်များ၊ ယာဉ်လိုင်းဂိတ် လုပ်ငန်း ရှင်များမှ သိလိုသည့် တည်ဆောက်မှုအခြေအနေ၊ စီမံကိန်းတွင် ပါဝင်သည့်အကြောင်းအရာများနှင့် ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့သည်။ မေးမြန်းဆွေးနွေးမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများဖြစ်သည့် ဒါရိုက်တာ ဦးမြတ်သူ (Grand Style)ကုမ္ပဏီ၊ ပဲခူးမြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ခိုင် တို့မှ သိရှိလိုသည်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မျိုးငြိမ်း(ခရိုင်ပြန်/ဆက်)