သံဖြူဇရပ် ဇွန် ၁၄
သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့သည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စာဖြေဌာနမှ ၂၀၂၀ပြည့်နှစ်(၄၃)ကြိမ်မြောက်အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့်ရဟန်း၊သာမဏေ၊ သီလရှင်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်လက်မှတ်နှင့် ဆုဆက်ကပ်ပွဲကို ယနေ့မွန်းလွဲ ၁နာရီက စာဖြေဌာနဖွင့်လှစ်ခဲ့သည့် သံဖြူဇရပ်မြို့နယ် နန္ဒဝန်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည်။
အအခမ်းအနားသို့မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဌနှင့်သြဝါဒစရိယဆရာတော်များစာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များ ကြွရောက်တော်မူသည်။ ရှေးဦးစွာ ပရိသတ်များက သီလခံယူဆောက်တည်ပြီး၊ ဆရာတော်ကြီးများထံမှ သာသနာတော်ဆိုင်ရာများ သြဝါဒခံယူကြသည်။ ထိုနောက်အမှတ်(၄)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့ဉက္ကဋ္ဌဦးအောင်သန်းတို့က သြဝါဒစရိယ ဆရာ တော်ကြီး များအားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
ဆက်လက်ပြီး ယမန်နှစ်(၄၃)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ကြသည့် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းနှင့်အခြေပြုမူလတန်းအောင် ရဟန်း၊သာမဏေ၊သီလရှင်စုစုပေါင်း (၂၇၄)ပါးတို့အား ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ကျော်ကျော်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အလှူရှင် များမှအောင်လက်မှတ်နှင့်ဆုများကိုဆက်ကပ်လှူဒါန်းကြောင်းသိရသည်။
အေးအေးသီ