ပဲခူး ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀:၃၀)နာရီ အချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများကို သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်သည့် စီမံချက်များ ရေးဆွဲ ဆောင်ရွက်ရန် အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌ ဦးမောင်မောင်က သဘာဝဘေးကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း၊ မဖြစ်မီကြိုတင်ကာကွယ် သင့်သည်များဆောင်ရွက်ထားရန် လိုအပ်ကြောင်း ဖြစ်ပေါ်လာမှဆောင်ရွက်သည်ထက် မဖြစ်မီ ကြိုတင်ကာကွယ်ထားခြင်းသည် ဆုံးရှုံးနစ်နာမှု နည်းပါ မည်ဖြစ်ကြောင်း အကယ်၍ သဘာဝဘေးဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေး ကျရောက် ပြီးပါက ဆောင်ရွက်ရမည့်အချက်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အထူးဂရုပြု ဆောင်ရမည်ဖြစ်ကြောင်းနှင့် ဌာနအလိုက် ဆောင်ရွက်ရမည့်အချက်များကိုသက်ဆိုင်ရာအဖွဲ့ ခေါင်းဆောင်များက မိမိတို့အဖွဲ့တွင်ပါဝင်သော ဌာနဆိုင်ရာများသို့ချိတ်ဆက်ပြီး ပူးပေါင်းညှိနှိုင်းကြိုတင် ဆောင်ရွက်ရန် ဆွေးနွေး မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက် ရမည့်အချက် အလက် များကို တင်ပြကြပြီး အစည်းအဝးကို နေ့လည်(၁၃:၀၀)နာရီတွင် ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ဌေးဌေးကြည်(ခရိုင်ပြန်/ဆက်)