ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၁) အစည်းအဝေး ကျင်းပ

 

ပဲခူး ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန် ၁၄  ရက်နံနက် ၁၀ နာရီက ပဲခူး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ (/၂၀၂၁) အစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယခင်နှစ်များစွာက လယ်ယာမြေများအပေါ် အကြောင်း အမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ တရားမဝင် အခြားနည်းအသုံးပြုထားခြင်းများအား စနစ်တကျ စာရင်း ဇယားပြုစုထားရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် စိုက်ပျိုးဖြစ်ထွန်းမှု မရှိသော ရေကြီးရေနက်ကွင်း များ၌ စနစ်ကျသော မွေးမြူရေး ဇုံများဖော်ဆောင်ပေးရန် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့လက်ထက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် များနှင့်အညီ လယ်မြေအား အခြားနည်း အသုံးပြုခွင့် ခွင့်ပြုပေးမည်မဟုတ်ကြောင်း၊ လယ်ယာမြေများအပေါ် စနစ်တကျ စီမံခန့်ခွဲပေးနိုင်မှသာ စနစ်ကျသော မြို့ပြဖွံ့ဖြိုးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးမှ လျော်ကြေးငွေ ပေးချေရမည့် အမှုတွဲများ၊ ပုံစံ()ပျက်စီး/ပျောက်ဆုံး မိတ္တူမှန်ထုတ်ပေးနိုင်ရေး အမှုတွဲများနှင့် လယ်ယာမြေကို အခြားနည်းသုံး လျှောက်ထားလာသည့် အမှုတွဲများအားတင်ပြခဲ့ရာ၊ တက်ရောက် လာသည့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဥပဒေ၊လုပ်ထုံးလုပ်နည်း ညွှန်ကြားချက် များနှင့်အညီ ဆုံးဖြတ်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းအချိန်တွင်  ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ (/၂၀၂၁) အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။။

ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)