ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး အာဇာနည်ဗိမာန်ကို ကြည့်ရှု့စစ်ဆေး

 

ရန်ကုန် ဇွန် ၁၄

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် နာရီခွဲတွင် ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်ရှင်းလင်းဆောင်သို့ရောက်ရှိပြီး ၂၀၂၁ ခုနှစ်(၇၄)နှစ်မြောက်အာဇာနည်နေ့ အခမ်း အနား ကျင်းပမည့် နေရာများကို လိုက်လံကြည့်ရှု့စစ်ဆေး၍၊ အခမ်းအနား ကျင်းပမည့် နေရာများတွင် သန့်ရှင်းသပ်ရပ်စေရန်၊လုပ်ငန်းများအရှိန်အဟုန်ုမြှင့်ဆောင်ရွက်ကြရန်၊လိုအပ်သည်များကိုမှားကြားသည်။

အဆိုပါ အာဇာနည်ဗိမာန်သို့ကြည့်ရှု့စစ်ဆေးရာတွင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်()နှင့် တာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)