မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

မိုးမိတ်   ဇွန်  ၁၄

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်မိုးမိတ်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ၌ စုရပ် ပြုလုပ်၍ ရပ်ကွက်/ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့တွင်  (၁၉၀) ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ယခုအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်တွင် မိုးမိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေပြည်သူ(၄၂၈)ဦးသို့ ထိုးနှံပေးရန် လျာထားကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာတွင် ရှေးဦးစွာကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊  ကာကွယ်ဆေးထိုးနှံပြီးနောက် မိနစ် (၃၀) စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ယနေ့အထိ မိုးမိတ်မြိုနယ်အတွင်း လူဦးရေ(၃၀၀၀)ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)