သတင်းများ

ကလေးမြို့နယ် ထောက်ကြန့်ကျေးရွာရှိ မျိုးစေ့ထုတ်စိုက်ခင်းများအား ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ထောက်ကြန့်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးအပေါ်ထိခိုက်မှု သက်သာစေရေး စီမံချက်အရ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းများအား ယမန်နေ့နံနက်ပိုင်းက ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချူပ်ရေးအတွက် ယမန်နေ့နံနက်(၉)နာရီက ဗိုလ်တေဇလမ်းနှင့်၊ မြို့မစျေးရှေ့တွင် ပြည်သူများအား Mask Campaign ပြုလုပ်ပြီး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ဆောင်းသီးနှံ ပဲပုပ်မျိုးစေ့ထုတ်စံပြစိုက်ခင်း (GAP)စနစ်ဖြင့် ကွင်းသရုပ်ပြ ပညာပေးစိုက်ပျိုးခြင်း ဆောင်ရွက်
Sep 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ရေဆင်း-၁၅ ဆောင်းသီးနှံ ပဲပုပ်မျိုးစေ့ထုတ် စိုက်ပျိုးမှုအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက (GAP) စနစ်ဖြင့် ကွင်းသရုပ်ပြ ပညာပေးစိုက်ပျိုးခြင်းကို မိုက်ဟိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၃၃၊ တောင်သူ ဦးစိုင်းထွန်းရွှေ၏ လယ်မြေ (၂)ဧကတွင် ယနေ့နံနက် ၇ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ခရိုင်၊ မင်းလှမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 15,2020
မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 15,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီ က မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ စည်ပင်သာယာစျေးအတွင်း ရောင်းချလျက်ရှိသော စားသောက် ကုန် ပစ္စည်းများ၌ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ၊မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေး
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ၊ ဦးမျိုးအောင်နှင့် မိတ်ဖက်အဖွဲ့စည်းများသည် ရွာသာကြီးကျေးရွာ၊ စည်ပင်သာယာ စျေးအတွင်း ရောင်းချ လျက်ရှိသော
တောင်သူလယ်သမားဦးကြီးများ၏ သူတို့ဓလေ့နှင့် သူတို့ဘဝ
Sep 15,2020
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်၏ ၇၀ ရာခိုင်နှုန်းကျော် လူဦးရေသည် တောင်သူလယ်သမားများ ဖြစ်ကြသည်။ ထိုသို့စိုက်ပျိုးရေးကို
လောင်းလုံးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Sep 15,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင်၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပခဲ့သည်။