တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် စာအုပ်မိတ်ဆက်ပွဲနှင့် စာကြည့်တိုက် ရန်ပုံငွေ လှူဒါန်းခြင်း အခမ်းအနားကျင်းပ

 

တောင်ဥက္ကလာပ   ဇွန်  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပ မြို့နယ် အမှတ်()ရပ်ကွက်၊ ရည်ညွှန်း စာကြည့်တိုက်တွင် ကဗျာစာအုပ် မိတ်ဆက်ခြင်းနှင့် ရည်ညွှန်း စာကြည့်တိုက် အတွက် ရန်ပုံငွေ လှူဒါန်းပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဌ ဆရာအောင်ကြည်ညွန့်မှ ကဗျာဆရာမ မယမင်း(သတ္တ) စိတ်ခံစားမှုစာစု အမှတ်တရကဗျာစာလွှာ စာအုပ်နဲ့ပတ်သက်ပြီး ကဗျာရေးသားရာတွင် ခက်ခဲနက်နဲမှု ရှိကြောင်း၊ ဝမ်းစာပြည့်ဝမှု လိုအပ်ကြောင်း စသည်ဖြင့် အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ရည်ညွှန်း စာကြည့်တိုက် ဥက္ကဌဆရာမ လွင်လွင်ဝေမှကဗျာဆရာမ မယမင်း(သတ္တ) အား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကဗျာဆရာမ မယမင်း(သတ္တ)မှ ရည်ညွှန်းစာကြည့်တိုက်အတွက် ရန်ပုံငွေပေးအပ် လှူဒါန်းခဲ့ပြီး တက်ရောက် လာသောဧည့်သည်တော်တစ်ဦးမှဆရာမ မယမင်း(သတ္တ)အား ဂုဏ်ပြုစကား ပြောကြားခဲ့ကာ အခမ်း နား ပြီးမြောက်ခဲ့ကြောင်းသိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)