ပြည်ကြီးမဏ္ဍိုင် ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အတွင်းရှိ သားသတ်ရုံနှင့် အသားရောင်း ဆိုင်များတွင် အများပြည်သူများ အန္တရာယ်မဖြစ်စေရေး ကျန်းမာရေးနှင့် ညီညွတ်သော အသား/ငါးများ စနစ် တကျ ရောင်းချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းကို ယနေ့နံနက်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အခုကာလအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေသဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့ အတွင်းရှိ လိုင်စင်ရ သားသတ်လုပ်ငန်း လုပ်ကိုင်နေသော သားသတ်ရုံတွင် မွေး/ကုဌာနမှ စစ်ဆေးပြီး ကျန်းမာရေးနှင့် ညီညွတ်သော ဝက်များသာ သတ်ဖြတ်ရောင်းချရန်နှင့် သားသတ်ရုံအတွင်း၊ အပြင်သန့်ရှင်းရေး ဆောင်ရွက်ရန်၊ အသား ရောင်းဆိုင်များတွင် အများပြည်သူ များ အန္တရာယ်ဖြစ်စေနိုင်သည့်တရားမဝင် အေးခဲသားများနှင့် အသားငါးများ ရောင်းချမှု မရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများအား ကွင်းဆင်း စစ်ဆေးခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက်၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးမျိုးအောင်၊နယ်မြေစခန်းမှူး ရဲအုပ် ဘုန်းအောင် ၊ မြို့မွေး/ကုသရေး ဦးစီးဌာန တာဝန်ခံ ဦးနိုင်လင်းနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးနေလင်းအောင်တို့မှ ဆောင်ရွက် ခဲ့ကြကြောင်းသိရှိရသည်။
မျိုးလွင် ( ပြန် / ဆက် )