ကျွန်းလှ ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်မြေအောက်ရေဖြင့် စိုက်ပျိုးသော ထိုင်ဝမ်ပြောင်း ချိုစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီးဈေးကောင်းရရှိနေကြောင်းပြောင်းစိုက်တောင် သူများထံမှသိရသည်။
“ကျွန်တော်ထိုင်ဝမ်ပြောင်းချိုကို မြေအောက်ရေဖြင့်နွေ၊ မိုး၊ဆောင်းစိုက်ပျိုးပါတယ်။ တစ်ခါစိုက် ရင်တစ်ပိုင် တစ်နိုင်(၀ဒသမ၂၅) ဧကစိုက်ပျိုးပြီးမျိုးတစ်ဗူးစိုက်ပါတယ်။ မျိုးတစ်ဗူးငွေကျပ်(၂၂၀၀၀) ပေးရပြီးမျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖိုး၊ လုပ်အားခ၊ ဆေးဖိုး၊ စုစုပေါင်းငွေကျပ်(၅၀၀၀၀)ကျော်ကုန် ကျပါတယ်။ ယခုအခါပြောင်း ဖူးကြီးလျှင် တစ်ဖူးငွေကျပ်(၁၂၀)၊ သေးလျှင်ငွေကျပ်(၈၀) ရောင်းရ၍ ပြောင်းတစ်ခင်းကို ငွေကျပ်တစ်သိန်းဝန်းကျင်အကျိုးအမြတ်ရရှိပါတယ်”ဟုပြောင်းချိုစိုက်တောင်သူ ဦးမောင်ဝင်းကပြောပြသည်။
အဆိုပါ တစ်ပိုင်တစ်နိုင်ပြောင်းစိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး မိသားစုအတွက်ဝင် ငွေရရှိသလို ပြောင်းရိုး ကိုလည်းကျွဲ၊ နွားစာအဖြစ်အသုံးပြုရခြင်းကြောင့် စိုက်ပျိုးသင့်ကြောင်းဒေသ ခံတောင်သူများ ထံမှသိရသည်။
မျိုးဝင်းညို ကျွန်းလှ