ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်
Jun 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ ဆိုင်ကယ်ပြင်သင်တန်း(၁)လ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (၁၁)နာရီခွဲအချိန်က ကျွန်းစုမြို့နယ်၊ တာရပိုင်းကျေးရွာအုပ်စု၊ တာရပိုင်းကျေးရွာ၊ သာသန ဟိတကာရီ ဘုန်းတော်ကြီး ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။