ပခုက္ကူခရိုင်အတွင်းရှိ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွား(၆၅၄၅)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေ များ ထောက်ပံ့ပေးအပ်သွားမည်

ပခုက္ကူ ဇွန် ၁၄

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ    အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွား(၆၅၄၅)ဦးအား လူမှုရေးပင် စင်ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက သိရသည်။

 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် ဒုတိယ(၃)လပတ်  (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊မတ်)လအတွက် ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ(၁၉၆၇)ဦး၊ ရေစကြို (၁၆၄၀) ဦး၊မြိုင်(၁၅၂၂)ဦး၊ပေါက်(၉၁၆)ဦး၊ဆိပ်ဖြူ(၅၀၃)ဦး စသော မြို့နယ်ငါးမြို့နယ်မှ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား ဦးရေပေါင်း(၆၅၄၅)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀ဝိ/−)နှုန်းဖြင့် စုစုပေါင်းလူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ် (၁၉၆၃၅၀၀၀၀)အား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအလိုက် ဘိုးဘွားများစာရင်း၊စာအုပ်များနှင့်အတူ လွှဲပြောင်းပေး အပ်ခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှတဆင့် ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ  ထပ်မံလွှဲပြောင်းပေး အပ်ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဘိုးဘွားတို့၏ နေအိမ်များသို့သွားရောက်ပြီး လက်ဝယ်အရောက်ထောက်ပံ့ပေးအပ် ကြမည်ဖြစ်ကြောင်း ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းထံက သိရသည်။

 

ဆလိုင်းကိုကီး