ကော့ကရိတ်မြို့နယ် နဘူးတပ်နယ်အတွင်းရှိ ခြေမြန်တပ်ရင်းများ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းပြုလုပ်
Jun 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ခြေမြန်တပ်ရင်းများမှ နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ကိုင်ဆိုင်သင့်သော ကတ်တမျိုးမျိုးရရှိစေရန်အတွက် ရည်ရွယ်၍ ကော့ကရိတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းပြုလုပ်ပေးခြင်းကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က နဘူးတပ်နယ်အတွင်းရှိ ခြေမြန်တပ်ရင်းများဖြစ်သည့် ၅၄၇၊ ၅၄၈၊ ၅၄၉တပ်များ၌ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။