ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာ၌ နေအိမ်တစ်လုံး မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၃စုအတွက် ထောက်ပံ့ပေးအပ်
Sep 14,2020
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် စက်တင်ဘာ ၁၁ ရက်နေ့ ည ၉ နာရီ အချိန်ခန့်က အိမ်ရှင် ဦးလျန်ဟရမ်၏ နေအိမ် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စု ၃စုအား စက်တင်ဘာ ၁၄ ရက်နေ့က ချင်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။