သုံးခွ ဇွန် ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေးနှင့် ကူးစက်ရောဂါအား ထိရောက်စွာကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများနှင့် ဈေး၀ယ်သူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း လုပ်ငန်းကို ယနေ့နံနက် ၉နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သုံးခွမြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများနှင့် ဈေး၀ယ်သူပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်စေရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယမြို့နယ် ဦးစီးမှူး ဒေါ်ကြည်ကြည်လွင်နှင့် ၀န်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။ မြို့မဈေးအတွင်း ဈေးရောင်းဈေး၀ယ် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်စေရေးအတွက် Mask campaign လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။