တန့်ယန်းမြို့နယ်၌ Mask Campaign ဆောင်ရွက်

တန့်ယန်း  ဇွန်  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိရာ  မြို့နယ်အရန်မီးသတ်တပ်ရင်းသည် စေတနာရှင် ပြည်သူများနှင့်ပူးပေါင်းကာ နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်ရေးအတွက် ရည်ရွယ်ပြီး  နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့ မြို့နယ်စည်ပင်သာယာစျေးရှေ့နှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် တို့တွင် Mask (၂၀၀၀)ခုကို ကျောင်းသားကျောင်းသူများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                                                                      

မင်းလွင်ဦး (ပြန်/ဆက်)