သုံးခွ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က အမှတ်(၁) ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများ၏ နေအိမ်အရောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေ၊ မြို့နယ်လူမှု၀န်ထမ်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်၀င်း၀င်းမြင့်တို့က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ ဒုတိယ သုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ရာ သုံးခွမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား(၇၉၆)ဦးတို့အတွက် ၂၃,၈၈၀,၀၀ဝိ/- ကျပ်သိန်းကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။