သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့်သူနှင့် ထိတွေ့မှုရှိသူများကို စစ်ဆေးရာမှ ပိုးတွေ့ရှိသူ ၅ ဦး ထပ်တိုး စစ်ဆေးတွေ့ရှိ

 

 

 

 

သထုံ    ဇွန်    ၁၆

 

 

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရသည့် သံဃာတော်တစ်ပါးနှင့် ထိတွေ့ မှုရှိခဲ့သူများအား ယနေ့တွင် စစ်ဆေးခဲ့ရာ သံဃာတော်နှင့်လူပုဂ္ဂိုလ် စုစုပေါင်း ၅ ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြု စစ်ဆေးတွေ့ရှိခဲ့ရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။

 

သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ ဗုဒ္ဓရက္ခိတကျောင်းတိုက်မှ သက်တော် (၆၆) နှစ်အရွယ် သံဃာတော်တစ်ပါးမှာ အနံ့ပျောက်ခြင်းဖြစ်ပေါ်နေ၍ ယမန်နေ့က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး ရှိ Fever Clinic ၌ Covid-19 Rapid Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြု တွေ့ရှိခဲ့ရပြီး ယင်းသံဃာတော်နှင့်ထိတွေ့မှုရှိခဲ့သည့် ကျောင်းတိုက်အတူနေ လူပုဂ္ဂိုလ် ၁၃ ဦးနှင့် သံဃာတော် ၁၂ ပါးတို့ကို ယနေ့နံနက်က ထပ်မံစစ်ဆေးရာ သံဃာတော် ၃ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုထပ်မံတွေ့ရှိခဲရခြင်းဖြစ်သည်။

 

အဆိုပါပိုးတွေ့ ရှိသူများအား သထုံမြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များက မော်လမြိုင်မြို့ရှိ ကိုဗစ် - ၁၉ ကုသရေးစင်တာ Isolation Ward (3) သို့ပို့ဆောင်ပေးကာ တာဝန်ရှိသူတို့က ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

ကိုကိုဦး