ရှမ်းရွာသစ် ဇွန် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွင်း လူမှု ရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း မတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းကို ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်က ရှမ်းရွာသစ်မြို့ အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရရှိသော အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများ အတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ထံပေးအပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့အတွင်းရှိ မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၉)အုပ်စုတွင် လူမှုရေးပင်စင်အကျိုး ခံစားခွင့် ရရှိသော အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ဒုတိယ သုံးလပတ် အတွက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် (၃၀၀၀၀/-)ကျပ်နှုန်းဖြင့် အဘိုး(၂၇)ဦး၊ အဘွား(၄၆)ဦး တို့အတွက် ထောက်ပံ့ငွေကျပ်(၂၁၉၀၀၀၀/-)ကျပ်ကိုသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ တို့က လက်ဝယ်အရောက် ပြန်လည်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)