ဂွ ဇွန်၁၆
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်၁၂နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်တရားသူကြီးဦးအောင်ကျော်သူက ကလေးသူငယ်များနှင့် ပတ်သက်သည့် ဥပဒေများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှယာယီရဲမှူးဟန်မွှေးက ကလေးသူငယ်များနှင့် ပတ်သက်၍ ရဲအရေးပိုင်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ထွေးက ကလေးသူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ စရိတ်ထောက်ပံ့ငွေ၊ ကလေး သူငယ်များ လိုက်နာရမည့် ကျင့်ဝတ်၊ ဆရာ/ဆရာမများ လိုက်နာရမည့် ကျင့်ဝတ်များကို ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ရပ်/ကျေးစီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်း