ကျိုက်မရော ဇွန် ၁၇
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ပြည်သူ့စာကြည့် တိုက်တွင် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိူးများကို သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။
အဆိုပါပြပွဲတွင် နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့် ပတ်သက်သောစာစောင်များ၊ မူးယစ်ဆေးဝါး၏ အန္တရာယ်များ၊ "မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက်လက်ချင်းဆက်" စသည့် ဆောင်းပါးများ၊ ရှောင်လေဝေးဝေးမူးယစ်ဆေးနှင့် ပန်းဖျက်ပိုးကဗျာများ၊ ပညာပေးကာတွန်းများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ စိတ်ကြွမူးယစ်ဆေးအန္တရာယ်များအကြောင်းစာအုပ်များ၊ ရုပ်ပိုင်း ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာထိခိုက်မှုများ၊ မူယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ကျန်းမာရေး ဆိုင်ရာအခွင့်အလမ်းများကို နံရံကပ်စာစောင်များဖြင့် ပြသထားပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သော စာအုပ်စာစောင်များကို အသိပညာပေးပြသထားရာ အထက်တန်း၊အလယ်တန်း ကျောင်းသား ကျောင်းသူများနှင့် စာဖတ်သူ၊စာငှားသူများ၊ youth club အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာလေ့လာ ကြည်ရူ ခဲ့ကြကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး