မက်မန်း ဇွန် ၁၇
ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ယနေ့ နံနက် (၇)နာရီအချိန်တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်များကျရောက်လာပါက မက်မန်းမြို့နယ်အတွင်းရှိ လုပ်သားပြည်သူများအား အချိန်မှီ ကူညီဆောင်ရွက်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် လေ့ကျင့်ပညာပေးမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များကို မက်မန်းခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနအတွင်းရှိ ဝန်ထမ်းများအား ဆွေးနွေးပို့ချခဲ့သည်။
ထို့နောက် မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ဇင်သန်းက ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် လေ့ကျင့်ပညာပေးမှု လုပ်ငန်းများကို ဦးဆောင်လေ့ကျင့်ရာ အထိရောက်ဆုံး နည်းလမ်းများ၊ ဆုံးရှုံးမှု အနည်းဆုံး နည်းလမ်းများ၊ အမြန်ဆုံးကာကွယ် ငြှိမ်းသတ်နိုင်သည့်နည်းလမ်းများကို စနစ်တကျ ရှာဖွေကယ်ဆယ်နိုင်ရန်နှင့် အန္တရာယ် အကင်းဆုံး နည်းလမ်းများအား ဝန်ထမ်းများ သိရှိနားလည်တတ်ကျွမ်းစေရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနအနေဖြင့် ပုံမှန်လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)